သတင်းများ

သဲကုန်းမြို့၌ အောက်ဆီဂျင်စက်ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ
Jul 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အောက်ဆီဂျင်စက် ဝယ်ယူတပ်ဆင်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လူဦးရေစာရင်း ကောက်ယူခြင်းကို အဖွဲ့(၁၃)ဖွဲ့ဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားမည်
Jul 30,2021
ဝမ်းတွင်း ဇူလိုင် ၃၀ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဦးရေစာရင်း ကောက်ယူရေးအတွက်အစု အဖွဲ့(၁၃)ဖွဲ့ဖြင့်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စာရင်းများကောက်ယူရာတွင် အသက်(၆၅)နှစ်နှင့် အထက်စာရင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများစာရင်း၊ Volunteer/ပရဟတိတများစာရင်း၊ ဘိုးဘွားရိပ်သာများစာရင်း၊ ဘာသာရေး ကျောင်းများစာရင်း၊ နိုင်ငံဝန်ထမ်းများအတွက် စာရင်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများစာရင်း၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများစာရင်း၊ ဟိုတည်၊ မိုတည်၊ တည်းခိုခန်းဝန်ထမ်းများစာရင်း၊ အကျဉ်းသားများစာရင်း၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများအတွက်စာရင်း၊ ဈေး/ Super Market များအတွက်စာရင်း၊ စားသောက်ဆိုင်များအတွက်စာရင်း စသည့် လူဦးရေစာရင်းများကို အဖွဲ့(၁၃)ဖွဲ့ ဖွဲ့စည်း ၍စာရင်းများကောက် ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးအဖွဲ့(၁၃)ဖွဲ့စည်း၍ စာရင်းများ ကောက်ယူခြင်းကို ဇူလိုင်လ(၂၉)ရက်နေ့တွင် စတင်ကောက်ယူမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်း စုရပ်များအဖြစ် မြို့နယ် စည်ပင်ခန်းမ၊ ညောင်အုပ်ဖီးတိုက်နယ်ဆေးရုံ၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ နေပူကုန်းတိုက်နယ်ဆေးရုံ၊ ဘုရားစုကျန်းမာရေးဌာနတို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ဌေးလှိုင် (ဝမ်းတွင်း)
သဲကုန်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ အောက်ဆီဂျင်များဖြန့်ဝေ
Jul 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် လိုအပ်လျက်ရှိသည့်အောက်ဆီဂျင်များ အခက်အခဲမရှိ ရရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ အောက်ဆီဂျင်များကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က စတင်၍ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြဝတီမြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စုအတွက် ငွေကျပ် သိန်း ၅၀ ကျော်ဆက်လက် ထောက်ပံ့
Jul 30,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စုအတွက် ငွေကျပ် ၅,၀၈၂,၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးနိုင်ရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ပြီး ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 30,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများ သောလမ်းဆုံသို့သွား ရောက်ပြီး ဆောင်ရွက်ခဲ့ကြသည်။
ရေးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်များနှင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ
Jul 30,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးမှုကို မြို့နယ်အတွင်း ကျောင်းတိုက်များမှ သံဃာတော်များနှင့် သီလရှင်များ၊ ဒေသခံပြည်သူများအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်(၅)နေရာတွင် တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။