သတင်းများ

မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများထံသို့ Oxygen Concentrator အလုံး ၁၅၀ လှူဒါန်း
Aug 09,2021
မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ပရဟိတအသင်းများ၊ လူမှုကူညီရေး အသင်းများအား တစ်လုံးလျှင် ၉ သိန်း ၆ သောင်းတန်ဖိုးရှိသည့် Oxygen Concentrator အလုံး ၁၅၀ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ နားလုံ(အရှေ့)ကျေးရွာ ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံ ကိုဗစ်-၁၉ရောဂါ ထပ်မံ စစ်ဆေးတွေ့ရှိ၊ Stay At Home ကာလသတ်မှတ်ကြေညာ
Aug 09,2021
       ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ဩဂုတ်လ ၇ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့သော အတည်ပြုလူနာ မိသားစုနှင့် ထိတွေ့ဆက်နွယ်သူ အသက် ၃၅ နှစ်အရွယ်၊ နားလုံ(အရှေ့)ကျေးရွာနေ  ဆန်စက်လုပ်ငန်းရှင်  အမျိုးသမီးတစ်ဦးထံတွင်  ယနေ့မနက်ပိုင်းက  ကျန်းမာရေးဌာနမှ  တာဝန်ရှိသူများ၏ ရောဂါစမ်းသပ်စစ်ဆေးချက်အရ  အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးသင့်ကျေးရွာများမှ ကျွဲ ၊ နွားများအတွက် အစာအိတ်များ ထောက်ပံ့
Aug 09,2021
ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွားသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် မြို့နယ်များမှ သဘာဝဘေးသင့် ကျေးရွာများရှိ ကျွဲ ၊ နွား (၂၁၇၀)ကောင်အတွက် ၅၀ကီလိုဂရမ်ရှိသော အစားအစာ(၆၆၀)အိတ်အား ပထမအကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  ကရင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေဝင်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ  ငမြွေရေလှောင်တမံအား မိုးရွာသွန်မှုကြောင့် ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေလှောင်တမံခိုင်နိုင်ရည် ရှိစေရန်ဆောင်ရွက် သွားရမည့် အခြေအနေများကို ယနေ့နံနက်(၉)နာရီ အချိန်က ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်  ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နန်းယွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်တက်နေမှုကြောင့် LOCK DOWN ကာလအဖြစ် ထပ်မံတိုးမြှင့်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြှင့်တက်နေသောကြောင့် မြို့နယ်အတွင်းရှိမိဘပြည်သူများ ကိုဗစ်ရောဂါကူးစက်မှု လျော့ချစေရေးအတွက်ရည်ရွယ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကြပ်မတ်၍ LOCK DOWN အချိန်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။
လင်းခေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဦးစားပေး အစီအစဥ်အရ ထိုးနှံပေး
Aug 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေး အစီအစဉ်အလိုက် ဆေးထိုးနှံပေးနိုင်သူ များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လင်းခေးမြို့နယ် ဝမ်စလောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိပြည်သူများအား ဆန်နှင့်စားသောက်ကုန်များ လှူဒါန်း
Aug 09,2021
ရှမ်ူပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မြို့ပေါ်  ကိုးရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း( ၇၉၆) စုအား ဆန်နှင့်စားသောက်  ကုန်များခွဲဝေလှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင်ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၁ ဒသမ ၉ ပေ ရေကျော်လျက်ရှိ
Aug 09,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက် ၁ ဒသမ ၉ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး  မုန်းချောင်းအောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင် အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။