သတင်းများ

သဲကုန်းမြို့တွင် စက်ရုံအလုပ်ရုံလုပ်သားများ၊ စည်ပင်သာယာဈေးများမှ ဈေးရောင်းသူများနှင့် အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေး
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်ကကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြု ရန်အတွက် ပစ္စည်းများသိုဝှက်ထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲ ဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင်လိုအပ်သည့် အောက်ဆီဂျင်များထုတ်လုပ်မည့် စက်ရုံမြေနေရာအား ကြည့်ရှု စစ်ဆေး
Aug 12,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်
ဂွမြို့တွင် သံသယလူနာ(၇)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၊ ဆေးရုံ ဆင်းလူနာ (၂၇) ဦးနှင့် ကုသဆဲလူနာ စုစုပေါင်း(၇၀) ဦးတို့ရှိကြောင်းသိရ
Aug 12,2021
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် သံသယလူနာ (၈)ဦး ကိုစစ်ဆေးခဲ့ရာ သံသယလူနာ(၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီတပ်ဖွဲ့သို့ ငွေကျပ်(၄၄)သိန်းတန်ဘိုးရှိအောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ ပြည်သူများက စုပေါင်းပြီး ကြက်ခြေနီအသင်းခွဲ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများကို ယမန်နေ့နံနက် ၁၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အ​ရှေ့ပိုင်း)မြို့နယ်၌ သဘာ၀ဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေး ဆောင်ရွက်
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေး ဥယျာဉ်အိမ်ရာခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သဘာဝဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ သည်။
ခိုင်ကမ်းမြို့တွင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Aug 12,2021
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ဦးစားပေး အုပ်စုအလိုက် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး ဈေးဝယ်ခွင့်လက်မှတ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
Aug 12,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေး နေအိမ်ပြင်ပ ဈေးဝယ်သွားလာ ခွင့်လက်မှတ်ပါရှိမှုရှိ/မရှိနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်၁၀နာရီက လှိုင်ရပ်ကွက် ဘဲကုန်းဈေးလမ်းမ ကြီး၌ လမ်းသွား/ လမ်းလာပြည်သူများ၊ ယာဉ်များအားမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ရှိသူ တို့က ပူးပေါင်းစစ်ဆေးသည်။