အင်းရှည်ကုန်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်
Jan 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု-အင်းရှည်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ပစ္စည်းတစ်စုံနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်တစ်သိန်း၊ ဆန်ဖိုးထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်(၂၁၀၀/-)နှုန်းဖြင့် မိသားစုဝင် (၅)ဦးအတွက် ငွေကျပ်(၁၀၅၀၀၀/) တို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။