သတင်းများ

ဇွဲကပင်တောင်နှင့်ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကြည့်ရှုစစ်ဆေး
Dec 26,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေကျင်မြို့နယ် Community Center ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Dec 26,2021
 ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမတွင် စာရေးဆရာအောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ဖြင့် ယနေ့ မွန်းလွဲ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယနေ့ နံနက် (၉)နာရီအချိန်က သဲဖြူ(ယုံသလင်း)အုပ်စု သဲဖြူ ကျေးရွာ ၌ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre )တွင် ( ၇၄)နှစ်မြေှာက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ခင်ဦးမြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပ
Dec 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ဦးစီး ကျင်းပပြုလုပ်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ယနေ့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား Quarantine (၁၀)ရက်ပြည့်၍ မိမိတို့ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ အခြားနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစင်တာတွင်ထားရှိ၍ RDT Test Kit ဖြင့်နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူများ၏ ရင်တွင်းစကားသံများ
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း မြို့နယ်တွင်  ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင်များ၊ အသက် ၆၅နှစ် နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို နေစဉ် ထိုးနှံပေးလျက်ရှိသည်။
မြန်အောင် မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 26,2021
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ် ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။