သတင်းများ

မြောင်းမြမြို့နယ်၊ ရေငန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ မြောင်းမြမြို့နယ်၊ ရေငန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၂၇၆၁)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပ သွားမည်
Dec 15,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယအကြိမ်) မှ သိရသည်။
ဒေးဒရဲမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်လှူဒါန်းပွဲကျင်းပ
Dec 15,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအ​ခြေပြု (Community Centre) ခန်းမ၌ဒီဇင်ဘာလ ၁၄ ရက်နေ့၊နေ့ ၁၂ နာရီအချိန်က ရွှေဘိုခရိုင် နှင့်ခရိုင်တွင်းရှိမြို့ရုံး၊မြို့နယ် ရုံးများအတွက် ရွှေဘိုသွေး မဂ္ဂဇင်း အမှတ် ၂ စာအုပ်လှူဒါန်း ပွဲကိုကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်၌ မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်းများ လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြို့မစျေးကြီးအတွင်းရှိ စျေးသူ၊ စျေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ် ကြုံလာပါက လက်တွေ့ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ် မရိုးခုံ​ကျေးရွာ​ ရွှေ့​ပြောင်းနိုင်ရန် မြေ​နေရာပြင်ဆင်မှုအား ကွင်းဆင်းကြည့်ရှု
Dec 15,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စံ​ကွေး​ကျေးရွာအုပ်စုအတွင်းရှိ မရိုးခုံ​ကျေးရွာ ရွှေ့​ပြောင်းနိုင်​ရေးအတွက် မြေ​နေရာသစ် ပြုပြင်​ဆောင်ရွက်​နေမှုအား ဒီဇင်ဘာ ၁၄ ရက်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ က ကွင်းဆင်းစစ်​ဆေး ကြည့်ရှုခဲ့သည်။
မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအား အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် စဉ်ဆက်မပြက် ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြောင်းသိရသည်။