သတင်းများ

ဖောင်းပြင်မြို့နယ်၌ ခရမ်းချဉ်သီးများ ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ မိသားစု ဝင်ငွေပိုမိုရရှိ
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ယားပင်းကျေးရွာတွင် တောင်သူဦးညိုလင်းမှ ခရမ်းချဉ် (လိုရာ ၉၀၉)မျိုးကို အပင်အရေအတွက်(၇၀၀၀) စိုက်ပျိုးခဲ့ရာ အသီးများ ဆွတ်ခူးရောင်းချချိန်တွင် တစ် ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၂၅၀)ကျပ် ဖောက်သည်ဈေးဖြင့် ရောင်းချနေရသဖြင့် မိသားစုဝင်ငွေပိုမို ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များအား ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်
Jan 06,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
တောင်ငူမြို့၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Jan 06,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စားသောက်ရေး အခက်အခဲရှိသော ပြည်သူများထံ အခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်းခြင်း အစီအစဉ်အား တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်းမှ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့် ကျောင်းနှင့် ဂေဟာ တို့အား ဆန်၊ ဆီ နှင့် ပဲ များကို ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တွံ​တေးမြို့ပြည်သူ့ဆေးရုံ၌ အသက်(၁၈)နှစ်အထက်ရှိ  ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သည့် အသက်(၁၈)နှစ်မှ အသက်(၆၀)အတွင်းရှိ  ရဟန်းရှင် လူပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့ ရေကြီးရေနစ်မြှုပ်မှု ကာကွယ်ရေး၊ မယ်ဆတ်ချောင်းသဲနှုန်းတူးဖော်
Jan 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရေကြီးရေနစ်မြှုပ်မှုကာကွယ်ရေး၊ မယ်ဆတ်ချောင်းသဲနှုန်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်
Jan 06,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ ယနေ့နံနက်က အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ဂျပန်စကားပြော(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားပေး
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပါရမီရိပ်သာကျောင်းတိုက်၊ ဝိသာခါခန်းမ၌ ဂျပန်စကားပြော(အခြေခံ)သင်တန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁ရက်မှစတင်ပြီး အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေး လျက်ရှိကြောင်းသိရသည်။