သတင်းများ

ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်
Dec 27,2021
၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်ရှိ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအား စားအုံးဆီ ထောက်ပံ့ပေးအပ်
Dec 27,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအထံသို့ စားအုံးဆီ ‌ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၉) နာရီအချိန်ကပြုလုပ်ခဲ့သည်။
နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) တရားစီရင်ရေးနှင့် ဆက်စပ်သည့် ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Dec 27,2021
မွန်ပြည်နယ်တရားလွှတ်တော် မုဒုံမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် National Case Management Program (NCMP) တရားစီရင်ရေးနှင့်ဆက်စပ်သည့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။
ကော့သောင်းနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်းအလုပ်သမားများ အားအသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Dec 27,2021
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ခလေးငယ်(၅)ဦးအပါအဝင် အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး၄၉ဦး၊ စုစုပေါင်း အလုပ်သမား (၂၄၁)ဦး ယနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့ အစည်းများထံသို့   ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျေးသီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျိုင်းလင်ကျေးရွာအုပ်စု၊ ချီခတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေကျပ် (၃၅ ဒဿမ ၃) သန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့၌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်၅ရပ်နှင့်ဦးတည်ချက်၉ရပ် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအားပြသဆောင်ရွက်ထားရှိ
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပခုက္ကူမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများအား အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Dec 27,2021
၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းဖြတ်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 27,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။