သတင်းများ

မိုးမောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ
Dec 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် အ.ထ.က(ကြံခင်း)ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀)နာရီခန့်တွင် အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းပုံမှန်လည်ပတ်၍ အဆင်ပြေလျက်ရှိ
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဆည်ကျေးရွာတွင် အစဉ်အဆက်လုပ်ကိုင်လျက်ရှိသော ပုန်းရည်ကြီးလုပ်ငန်းမှာ ယခုလိုပွင့်လင်းရာသီကာလတွင် လုပ်ငန်းပိုမိုတွင်ကျယ်၍ ရောင်းအားတိုးတက်ကာ လုပ်ငန်းပုံမှန်လည်ပတ်သူများ အဆင်ပြေကြကြောင်း အဆိုပါကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Dec 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၁၅)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၁၀)ဦး၊ အသစ်လဲလှယ်သူ (၃)ဦး၊ စုစုပေါင်း(၂၈)ဦးတို့အား ယမန်နေ့နံနက်(၈)နာရီက ဇ/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က (ရွှေသောင်ယံ)တွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကို ကျင်းပခဲ့ကြောင်း သိရသည်။
ရေကြည်မြို့ကို သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ကင်းစင်ရေး လုပ်ငန်းများကို ပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနိုးဆော်ခြင်းနှင့် စစ်ဆေးဆောင် ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပိတောက်ချောင်လမ်းဆုံတွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များပေါ်တွင် အမှိုက်များ မပစ်ချစေရန်၊ ယာဉ်ပေါ်တွင်ပါလာသော ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 28,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံ လမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကျောင်းသား/သူ များအား အသိပညာပေး ဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နယ်လှည့် ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်ခန့်က ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။