သတင်းများ

ငါန်းဇွန်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 30,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနငါန်းဇွန်မြို့နယ်ရုံးမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်း သားကျောင်းသူများအား အခမဲ့ ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Dec 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစာပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Dec 30,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုစာဖတ်ဝိုင်းကျင်းပ
Dec 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို၊ စာဖတ်ဝိုင်းကို ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြု ဗဟိုဌာန Community Center စာကြည့်တိုက်ခန်းမ၌ ယနေ့မွန်းလွဲ၁နာရီက ကျင်းပရာ မြို့နယ်အတွင်းရှိစာ​ပေကိုချစ်မြတ်နိုးသူများနှင့် စာ​ပေဝါသနာရှင်လူငယ်လူရွယ်များ၊ စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ကြပြီး ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ကြေငြာသည့်၊ ကိုဗစ်-၁၉ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန် ချက်များနှင် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင် Community Centre ခန်းမ၌ ဒေသ၀မ်းစာဖူလုံရေး Talk Show ဆွေးနွေး
Dec 30,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပူတာအိုခရိုင် ဒေသ၀မ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား မေးမြန်းဆွေးနွေးခြင်း Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(omicron)  ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 30,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုးများကို သတိပြုအ‌လေးနက်ထားကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွား ရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်
Dec 30,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့နေ့လယ်(၁)နာရီ အချိန်ကပြုလုပ်သည်။
နမ္မတူတွင် ရတနာမေ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်
Dec 30,2021
နမ္မတူတွင် ရတနာမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် သမဝါယမအသင်းစု လီမိတက်အသင်းရုံးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်သည်။