သတင်းများ

အလုံမြို့နယ်၌ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား​ပြောပြိုင်ပွဲကျင်းပ
Dec 30,2021
အလုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ ဖောင်ဒေးရှင်းတို့ပူး​ပေါင်းကာ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ် အထက်တန်း အဆင့် ကျပန်းစကားပြိုင်ပွဲကို ယမန်​နေ့ နံနက်(၉)နာရီအချိန်က အလုံမြို့နယ်အမှတ် (၆) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဖွင့်
Dec 30,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းပြုလုပ်နည်းဖြစ်သည့်  ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၉)ရက်နေ့က ဥတ္တရသီရိမြို့နယ်၊ မိုးစွေအုပ်စု မိုးစွေ KC ခန်းမဆောင်၌ ကျင်းပခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခမောက်ကြီးမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့်ဦးတည်ချက်(၉)ရပ် နံရံကပ်စာစောင် ပြသ
Dec 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ရုပ်ပုံပါနံရံကပ် စာစောင်များကို ပြသထားရှိလျက်သည်။
ကော့ကရိတ်မြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး
Dec 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၆)နှစ်နှင့် (၁၈)နှစ်အကြား၊ အသက် (၁၈)နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသည့် ကျောင်းသား/သူများအား  နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က အထက(၂) ကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံနှိုးဆော်
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်  အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း၌ လိုက်လံနှိုးဆော်မှုများပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် ဆောင်ရွက်
Dec 30,2021
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေး မုံရွာမြို့၌ကျင်းပ
Dec 30,2021
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။