သတင်းများ

ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး မင်္ဂလာဒုံမြို့နယ်၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစီအစဉ်ဖြင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သွားလာမှုအဆင်ပြေစေ‌ရေးအတွက် စည်ပင်သာယာလမ်းနယ်ပေါ်တွင် စည်းကမ်းမဲ့ရောင်းချနေကြသည့် ဈေး သည်များ၊ အမိုးအဖီများ၊ တရားဝင်ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များကို ဖျက်သိမ်းဆောင်ရွက်ခြင်းအား ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာနယ်နိမိတ်အတွင်းခရေပင်လမ်းမကြီးရှိ လမ်းဘေးဝဲ/ယာတစ်လျှောက်တို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများက အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 12,2025
“ကမ္ဘာတစ်ဝန်းရှိလူမှုအသိုက်အဝန်း၌ လူငယ်များ၏ အနာဂတ်ကိုအလေးထားလာရန်နှင့် မြှင့်တင်ရန်”ဟူသည့် ရည်ရွယ်ချက်အားဖြင့် ၂၀၂၅ ခုနှစ်သြဂုတ် ၁၂ ရက် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၆) အ‌ခြေခံပညာအထက်တန်း‌ကျောင်း အနန္တပညာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ပေါက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ပေါက်မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန်အတွက်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် သန်လျင်၌ ကျင်းပ
Aug 12,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေး ဖုံး၊ သွန်၊ လဲ ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။