သတင်းများ

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Dec 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘက်ရဲမြို့ မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုန်းကြမ်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကျင်းပ
Dec 04,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပန်းခင်းစီမံချက် Talk Show အစီအစဉ်အား ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးပွဲတွင် ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာအောင် ကပန်းခင်းစီမံချက် အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကုန်းကြမ်းမြို့နယ်ဦးစီးမှုး ဦးမြတ်ဇော်က ပန်းခင်းစီမံချက် အသိပညာပေးမှု အခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးရာသီအတွက် ယူရီးယား ဓာတ်မြေသြဇာများအား  တောင်သူများ ထံသို့ ဖြန့်ဖြူးပေးအပ်
Dec 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ၌ ၂၀၂၁-၂၀၂၂ ခုနှစ်  နွေစပါးရာသီအတွက် နိုင်ငံတော်မှ ထုတ်ဝေပေးသော ဓာတ်မြေသြဇာများအား နွေစပါးစိုက်တောင်သူများထံသို့ ပြန်လည်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဘုရားသုံးဆူမြို့၊ ကျွန်းချောင်းကျေးရွာအုပ်စုတွင် ဆင်းသုခ (မိုးစပါး)စံပြကွက် ရိတ်သိမ်း
Dec 04,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်တွင် ဆန်စပါးအပြင် အခြားရာသီ သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဘုရားသုံးဆူမြို့ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးနှင့် လယ်ယာထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ ၂ နာရီက ဘုရားသုံးဆူမြို့၊ ကျွန်းချောင်း ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၊ တောင်သူ ဦးစောအေဝမ်း၏ မိုးစပါးစံပြကွက် ဆင်းသုခ (၅)ဧက စိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Dec 04,2021
ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ယနေ့ နေ့လယ်ပိုင်း အချိန်တွင် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ပုသိမ်မြို့နယ်၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစု ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦး‌‌ ရေစာရင်းအား အိမ်ထောင်စုဇယား (၆၆/၆)နှင့်တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့်  ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Dec 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ကြီးမှူး၍ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက အရုပ်ဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ် ပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ ထမင်းအာဟာရဒါနများ လာရောက်လှူဒါန်း
Dec 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ အတွက် နေ့လယ်စာ အာဟာရနှင့် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို နံနက်စာဆွမ်း အာဟာရများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။