ပွင့်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစု ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ      ဒီဇင်ဘာ      ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦး‌‌ ရေစာရင်းအား အိမ်ထောင်စုဇယား (၆၆/၆)နှင့်တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့သို့ ကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုဇယား (၆၆/၆)နှင့်တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့် သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအားလုံး ပြည့်စုံမှန်ကန်စွာ စာရင်းပြုစု ဖြည့်သွင်းကြရန်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကော်မရှင်ဦးစီးအရာရှိမှ ရှင်းလင်းဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)