Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(မြောက်ပိုင်း )မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာန ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင် ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများအတွက် သမဝါယမအသင်းစုတို့မှ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးမည့် ဆန်၊ ဆီနှင့် ကြက်သွန်များ မြိတ်မြို့သို့ရောက်ရှိ
Nov 27,2021
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် မော်လမြိုင်မှ မှာယူထားသည့် ဆန်(၁၂)ပြည်အိတ် (၆၀၀၀)၊ ဆီပိဿာ(၃၀၀)နှင့် ကြက်သွန်နီ ပိဿာ(၁၀၀၀)သည် မြိတ်မြို့သို့ ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော် ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်ရှင်များနှင့်တွေ့ဆုံ
Nov 27,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်
Nov 27,2021
ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဒေသထွက်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံတို့ကို အသုံးပြု ကာ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်တတ်စေရန် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“မြန်မာ-တရုတ်နယ်စပ်ကျင်စမ်းကျော့ဂိတ် ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ကုန်သွယ်မှုစတင်ဖွင့်လှစ်”
Nov 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် မြန်မာ-တရုတ်နယ်စပ်ဂိတ်အားကုန်စည်စီးဆင်းမှု စတင်ရန် ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ယနေ့မန်နံနက် (၁၁)နာရီအချိန်က စတင်ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် စားပေးအုပ်စုများအလိုက်ကိုဗစ်ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံ ပြီးသူပေါင်း(၇၈၅၇၈)ဦး ရှိပြီဖြစ်
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့်ကူးစက်မှုမရှိ စေရန်ရည်ရွယ် ကာကွယ် ဆေးများကို ဦးတည်အုပ်စုများ အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီချိန်မှစတင်၍သက်ဆိုင်ရာကာကွယ် ဆေးထိုးနှံမည့် ရပ်ကွက်များတွင် အသက်(၄၅)နှစ်အထက် နှင့် အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူပြည်သူများအား(ဒုတိယ)အကြိမ်ကာကွယ် ဆေးများထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်အားပေး
Nov 27,2021
၂၀၂၁ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်ရှိ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများဆောင်ရွက်
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇) ရပ်ကွက် (ကုသိနာရုံ) ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၈) ရပ်ကွက် (ဇီဝက) ပန်းခြံနှင့် မြို့နယ်ပြည်သူ့ ဆေးရုံတို့တွင် ယနေ့နံနက် (၉) နာရီချိန်မှ စတင်၍ အသက်(၁၈)နှစ်အထက် ရဟန်းရှင် လူပြည်သူများအား ကျန်းမာ ရေးဝန်ထမ်းများက (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21550
Page
21551
Page
21552
Page
21553
Current page
21554
Page
21555
Page
21556
Page
21557
Page
21558
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department