သတင်းများ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 26,2021
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူမြို့၌ ပန်းခင်းစီမံချက်အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူ ပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
Nov 26,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် နိုဝင်ဘာလ ၂၆ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့၌ ပန်းခင်းစီမံချက်အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
လားရှိုးမြို့ Community Center တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၊ဘက်စုံသုံးခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို(မူလတန်းအဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်ပေးခဲ့သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Nov 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ(KC)တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး ၊ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ပါသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၁)ဦး ထပ်မံတွေ့ရှိ
Nov 26,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယ​မန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ကုသ​ရေး ကော်မတီအဖွဲ့မှ ဦး​ဆောင်၍ မြို့မ​စျေးရှိ​​ စျေးဆိုင်ရှင်များ၊ ပျံကျ​စျေးသည်များ၊​ စျေးဝယ်သူများနှင့် မြို့တွင်းဝင်/ထွက်သွားလာသူများ ၊ပိုး​တွေ့လူနာများ၏ မိသားစုဝင်များ ၊Contactထိ​တွေ့သူများနှင့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဝန်းတွင်း​ နေထိုင်သူများ စုစု​ပေါင်းလူဦး​ရေ(၁၃၀)ဦးအား RDTtest kitဖြင့် စစ်​ဆေးရာ ကိုဗစ်-၁၉​​ရောဂါပိုး (၁၁)ဦးတွေ့ရှိခဲ့​ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်‌ဝေ
Nov 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သပြေကုန်းဈေးစည်ပင်မှဝန်ထမ်းများ ပူးပေါင်းကာ အများပြည်သူများ ဖတ်ရှု လေ့လာနိုင်ရန်အတွက် ဈေးရောင်းချသူ၊ ဈေးဝယ်သူပြည်သူများအား အခမဲ့ ဖြန့်‌ဝေပေးခဲ့ ကြသည်။
မိုင်းရှူးမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း )လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်မှစ၍ လူစည် ကားသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။