ဗန်းမော်မြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 22,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေပြီး မြေဆီလွှာ၏ အာဟာရဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်စေရန်၊ မိုးစပါးသီးနှံ တစ်ဧက အထွက်နှုန်းတိုးတက်လာစေ ရန်နှင့် ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင် စေရန် ရည်ရွယ်၍ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ၊ ကွင်းအမှတ်(၁၈၅)၊ ဦးပိုင်(၁၁/၁)၊ တောင်သူ ဦးဗေဒါ၏ လယ်မြေ (၂)ဧက၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်း ထွန်ယက်မြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။