သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သိရှိနိုင်‌စေရန်နှင့် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်‌စေရေးတို့ကို ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီကစာသင်ကျောင်းနှင့် လူစည်ကားရာနေရများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံ
Jun 23,2022
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Jun 23,2022
ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပ ာ ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပဲခူးမြို့ နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Jun 23,2022
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Jun 23,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပဲခူးမြို့ အ.ထ.က၊ ခွဲ(၄) ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။
လသာမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ  ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အ.ထ.က(၂)ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။