သတင်းများ

ကျွန်းလှမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း အာယုဒါန(အခမဲ့) ဆေးပေးခန်း မျက်နှာကျက်အတွက် အလှူငွေများ လှူဒါန်း 
Jul 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေး အသင်း အာယုဒါန(အခမဲ့) ဆေးပေးခန်းအတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။              
ဟင်္သာတမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ကျရုံးခဲ့သူများနှင့် ကျောင်းမတက် ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ  မိဘအုပ်ထိန်းသူများနှင့် တွေဆုံဆွေးနွေးပွဲပြုလုပ်
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့်
ကြံခင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်းစာဖတ်ဝိုင်းပြုလုပ်
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ်က စာအုပ်စာပေ ချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။
ခေါင်လန်ဖူးမြို့၌ အသက်မွေး၀မ်း ကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်လှစ်
Jul 10,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ ပြည်သူများ လူမှုဘ၀တိုးတက် မြင့်မားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်အတွက် အသက်မွေး၀မ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဇူလိုင်(၄)ရက်မှ (၁၈) ရက်နေ့အထိ သင်တန်းကာလ(၁၅) ရက်ကြာ ခေါင်လန်ဖူးမြို့ ဂီထော့ခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ ပြုလုပ်
Jul 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Jul 10,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်ရုံများတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့
Jul 10,2022
သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။