မွန်ပြည်နယ်တွင် (၂၃)ကြိမ် မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 23,2022
မွန်ပြည်နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၂၁)ရက် နေ့လယ်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးခင်မောင်ဦး၊ တိုင်းရင်းသား ရိုးရာအကဲဖြတ်လုပ်ငန်းကော်မတီဝင်များ၊ပြည်နယ်/မြို့နယ်အဆင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များတက်ရောက်သည်။