ရွှေတောင် ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်လမ်းမြို့ ဝင်တိုးဂိတ်အနီးတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်မှုမရှိသူများအား Mask တပ်ဆင်ပေးခြင်း အခမဲ့ဝေငှပေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကွင်းဆင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် လဝက၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေး၊ ယာဉ်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ဆိုင်ကယ် လိုင်စင်ရှိ / မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ် တွင် ပါရှိရမည့် အချက်အလက်များပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ Mask တပ်ဆင်ရေးနှင့်မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်း ကမ်းထိန်းသိမ်းရေး ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မော်တော်ယာဉ်(၇၆)စီး၊ သုံးဘီး မော်တော်ယာဉ်(၁၁)၊ မီနီအိုးဝေ (၅)စီး၊ မော်တော် ဆိုင်ကယ် (၁၃၂)စီးတို့အားစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)