သတင်းများ

တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ပေါ်မှုအား တာဝန်ရှိသူများမှ ကူညီဆောင်ရွက်
Aug 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၂ခုနှစ်၊ ယမန်နေ့ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းအကူးတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်နှင့် မြေနိမ့်ရပ်ကွက်အချို့တွင် ယနေ့နံနက်အစောပိုင်းမှစ၍ ယနေ့နံနက် ၁၁ နာရီခန့်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် Community Centre တွင် စာဖတ်ဝိုင်းကျင်းပ
Aug 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာလူထုစိန်ဝင်းရေးသားထားသော “စဉ်းစားတတ်အောင် ပညာသင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ ကြောင်ပန်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
မိတ္ထီလာ၌ စာပေဆုရ စာရေးဆရာနှင့် ကဗျာဆရာတို့အား ဂုဏ်ပြုပွဲကျင်းပ
Aug 08,2022
မိတ္ထီလာမြို့၌ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆုရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာနှင့် ကဗျာဆရာတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျွန်းလှမြို့၌ လူငယ်များအား အားကစား လေ့ကျင့်သင်ကြားပေး
Aug 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်ပြီး အားလပ်ချိန် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်များအား ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားရုံ၌ အားကစားလေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့၌ လူငယ်များအား အားကစား လေ့ကျင့်သင်ကြားပေး
Aug 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်ပြီး အားလပ်ချိန် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်များအား ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားရုံ၌ အားကစားလေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် လုံးပတ် ၇ ပေခန့်ရှိ ကုက္ကိုပင်အမြစ်ပွ၍ ရန်ကုန်ပြည်မီးရထားလမ်းပေါ်လဲကျ
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အနောက်ဘက် မဟာစန္ဒာသီဟဘုရားကြီးရှေ့ ရန်ကုန်ပြည်မီးရထားလမ်း၏ အနောက်ဘက်ရှိ လုံးပတ် ၇ ပေခန့်ရှိသော ကုက္ကိုပင်အမြစ်ပွ၍ ရန်ကုန်ပြည်မီးရထားလမ်းပေါ်သို့ ယနေ့နံနက် ၆ နာရီအချိန်ခန့်က လဲကျခဲ့ကြောင်း သိရသည်။