သတင်းများ

မိုးညှင်းခရိုင်အတွင်း ဒေသန္တရအခြေအနေများပေါ် မူတည်၍ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် များအလိုက် အလျင်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေး ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်
Aug 08,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသန္တရအခြေအနေများပေါ်တွင် မူတည်၍ သက်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်များအလိုက် အလျင်အမြန်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း ကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချီဖွေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show ဆောင်ရွက်
Aug 08,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေ တို့ ပူးပေါင်း၍ ဒေသတွင်းလူငယ်၊ လူရွယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို ပိုမို သိရှိစေရန် ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ" Talk Show ကျင်းပခဲ့သည်။
ရှင်ဗွေယန်မြို့၌ အသက် (၅)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Aug 08,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ယနေ့ နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေး ဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ အသိပညာ​ပေး Talk Show ဆောင်ရွက်
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်း၏ (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာဖြင့် Software ရေးသွင်းခြင်းနှင့် အိမ်​ထောင်စု စာရင်းပြုလုပ်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ ပြည်သူများ ဗဟုသုတရရှိ​စေရန် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) အား ယ​နေ့နံနက် ၁၀နာရီက ဒဂုံမြို့နယ် ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) တွင် ပြုလုပ်​ဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲ ကျင်းပ
Aug 08,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က သံဖြူဇရပ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ
Aug 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဦးဆောင်၍ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 08,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ ပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်(sinopharm)ကို အ.လ.က၆ ကျောင်းတွင် ကိုဗစ်-​၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။