သတင်းများ

သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် Book Club များကစာဖတ်ဝိုင်းကျင်းပ
Aug 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများသိရှိစေရန် လူငယ်လူရွယ်များ အကောင်းအဆိုး၊အမှားအမှန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး(Book Club)အဖွဲ့ဝင်များက စာရေးဆရောချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့်ကြီးပွားရေးအား ယနေ့နံနက်(၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် (၂၃) ကြိမ်​မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ
Aug 09,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးနှင့် အတီးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီက စတင် ယှဉ်ပြိုင်ကျင်းပ ခဲ့သည်။
သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာန၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ (Table Top Exercise) ဆွေးနွေးပွဲပြုလုပ်
Aug 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀း၃၀ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအစေးခန်းမ၌  ပြုလုပ်သည်။
ကျိုက်မရောမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်
Aug 09,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ကျောင်းကျန်းမာရေးနှင့်အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁ဝ နာရီက အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းလှမြို့ အခြေခံပညာအထက်တန်း (မြိုတွင်း)ကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမူများ ဆောင်ရွက်
Aug 09,2022
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ပူးပေါင်းကာ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်း (မြို့တွင်း)ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန် က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားများ ဆောင်ရွက်ခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် VDP နှင့် Cash For Work စီမံကိန်းကျေးရွာများထံ ရန်ပုံငွေကျပ် သိန်း(၉၀၀)တိတိ လွှဲပြောင်းပေးအပ်
Aug 09,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းကျေးရွာများထံ ရန်ပုံငွေကျပ် သိန်း(၉၀၀)တိတိ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရပ်စောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်မှုကြောင့် တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးဆောင်ရွက်
Aug 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ဇော်ဂျီချောင်း ရေလျှံတက်လာပြီး အဆိုပါချောင်းအနီးရှိ ရပ်ကွက်များအတွင်းရှိ လမ်းမများနှင့် လူနေအိမ်များအတွင်းသို့ ချောင်းရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။