သတင်းများ

ကျွန်းစုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် အိမ်(၂)လုံး ထိခိုက်ပျက်စီး
Aug 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် အိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး‌ ဟောပြောပွဲဆောင်ရွက်
Aug 09,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းတွင် မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ထက်က မီးဘေးလုံခြုံရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိရန်နှင့် လက်တွေ့အသုံးချရန်ရည်ရွယ်၍ ဟောပြောခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် (Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်
Aug 09,2022
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် စာပေချစ်သူစာဖတ်ပရိသတ်များမှ ဒေါက်တာကျော်စိန်၏ လူငယ်နှင့်လမ်းညွှန်စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉  နာရီက ပုလောမြို့နယ်  (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့ရှိ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 09,2022
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ နေကြာစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း သင်တန်းအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးပွဲကျင်းပ
Aug 09,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကကြီးမှူး၍ သင်တန်းအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ချမှတ်ဆောင်ရွက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲကရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြု(Community   Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် ဈေးရပ်ကွက်အတွင်း Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးကွက်အတွင်း Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ဆောင်ရွက်
Aug 09,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ပြန်ဆက်ရုံး (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူကုန်ကူးမှုဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ
Aug 09,2022
ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က ရေတွင်းကုန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။