မင်းတုန်းမြို့တွင် အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်
Aug 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန အကြီးအကဲများတက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။