သတင်းများ

ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် 
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတများရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အကျော်ကျေးရွာရှိ အကျော်ချောင်းတွင် ကျင်းပခဲ့သည်။ 
ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် မြို့နယ်အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသည့် အသက် ၁၈ နှစ်ပြည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူ (၅၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose (စတုထ္ထ)အကြိမ် ထိုးနှံပေး
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက်ပိုင်းက ရေနံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် (စတုထ္ထ) အကြိမ် ထိုးနှံပေး ကြောင်း သိရသည်။
ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Aug 05,2022
ကျောင်းသား/ကျောင်းသူ လူငယ်များ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန်၊ စာအုပ်စာပေများဖတ်ရှု လေ့လာသည့် အလ့အကျင့်များဖြစ်လာစေရန်နှင့် စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လူငယ်တို့အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး ခရိုင်ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား/ ကျောင်းသူ များက စာရေးဆရာမ မိုးပန်းမွန်(ရာမည)ရေးသားသည့် ရွှေရောင်လူငယ်နှင့်ရွှေရောင် အနာဂတ်လူငယ်တို့အတွက် အတွေးစာစုများစာအုပ်ဖြင့် ဆွေးနွေးခဲ့ ကြသည်။
ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ခဲ့သော ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ အသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ ဝါခေါင်လဆန်း (၈)ရက်နေ့ ဇီဝိတဒါနကုသိုလ်အလှူအဖြစ် ပြည်လုံးချမ်းသာလေးထပ်ကြီးဘုရား တန်ဆောင်းအတွင်း ဆရာ လေးများ၊ ယောဂီများနှင့် ဥပုသ်သီလဆောက်တည်ကြသော ပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ တန်ဆောင်းအတွင်း အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။
နမ့်စန်တွင် အသက်(၁၆)နှစ်အောက်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
Aug 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲများကို ဇူလိုင်လ ၂၇ ရက်မှ စတင်၍ နမ့်စန် အ-ထ-က ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက စတင်၍ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အ.ထ.က(၁)ဇလွန်တွင် "အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာ​စေရေး" ခေါင်းစဉ်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အ.ထ.က (၁) ဇလွန်အခြေခံ ပညာ အထက်တန်းကျောင်းတွင် "အမှိုက်စွန့်ပစ်မှု အလေ့အကျင့် ကောင်းများဖြစ်ပေါ်လာစေရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ သည်။