သတင်းများ

မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ  ကျောင်းသား/သူများအား Vero Cell ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး
Aug 06,2022
ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၄၀၂)ဦးအား Vero Cell ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးက ဦးဆောင်၍ ဆရာမများက တာဝန်ယူထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက စနေဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူ
Aug 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မိသားစုများစုပေါင်း၍ ယနေ့နံနက် ၄ နာရီက မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေ့ဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူခဲ့ကြသည်။
ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Aug 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Aug 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ် ဘွေကြီးကျေးရွာတွင် ကျေးရွာနေ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  အသိပေးရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။
ဝက်လက်မြို့၌ မိုးစပါး တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး တောင်သူ အသိပညာပေး သင်တန်းဖွင့်
Aug 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ မိုးစပါးတင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး တောင်သူ နည်းပညာပေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင်အသက် မွေးဝမ်းကျောင်းအထောက်အကူပြု (အခမဲ့)ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်
Aug 06,2022
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် တို့ကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု(အခမဲ့) ဆိုင်ကယ်ပြင်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့ သည့် တံခွန်စိုက်ဖလားအပ်နှင်းခြင်းနှင့်ဆုရရှိသည့် အားကစားသမားများအား ချီးမြှင့်ပွဲ ကျင်းပ
Aug 06,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင်စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့သည့် တံခွန်စိုက်ဖလား အပ်နှံခြင်းနှင့် ဆုရရှိသည့်အားကစား သမား များအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Aug 06,2022
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတ ထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှု မဖြစ်စေရန် သဘာဝ ရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန် ငါးထုတ်လုပ်မှု တိုးတက်စေရန်နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား စိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ဇတ်ဆိပ်အနီးတွင် ဆောင်ရွက်ခဲ့သည်။