ပဲခူးမြို့တွင် (၈)မြို့နယ်(U.25) ဘော်လီဘောလူရွေးပြိုင်ပွဲ ကျင်းပ
May 06,2022
လူငယ်လူရွယ်များ အားကစားကိုစိတ်ပါဝင်စားပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် နိုင်ငံ့ ဂုဏ်ဆောင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ပဲခူးခရိုင် (၈)မြို့နယ် (U.25) ဘော်လီဘော လူရွေးပြိုင်ပွဲ ကျင်းပသည်။