သတင်းများ

မိုးကောင်းမြို့နယ်တွင် (၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၁၀၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် မိုးကောင်း၊ ပင်းဘော၊ ဆားမှော်၊ နမ္မတီး ဆေးထိုးစုရပ်များ၌ (၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်(၉)နာရီတွင် ဆေးထိုးပေးလျက်ရှိကြောင်း သိရ သည်။
ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက်(၉)နာရီက အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၂)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နန့်ရင်းရိပ်သာနှင့် ခရိုင်ရဲရုံးလမ်းသစ်တို့အား တက်ရောက် ဖွင့်လှစ်ပေးပြီး ဟိုပင်မြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်းဝင်းအတွင်းရှိ နန့်ရင်းရိပ်သာအဆောက်အအုံသစ်အား ဖွင့်လှစ်ပေးကြသည်။
ချီဖွေမြို့နယ် အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
May 12,2022
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အ‌ခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးကို အခြေခံပညာ အထက်တန်းကျောင်း (ရစ်လောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဥက္ကပ်) ကျောင်းများ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး တိုင်းဒေသကြီးအဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တိုင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်အောင်၊ ကြံခင်းမြို့နယ် စိုက်တိုးမြှင့်အဖွဲ့များတွေ့ဆုံ ဆွေးနွေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တိုင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ မြန်အောင်၊ ကြံခင်းမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊  တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲကို လွိုင်ကော်မြို့  ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပ
May 12,2022
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်တားဆီး ကာကွယ်မှုများ ဆောင်ရွက်
May 12,2022
ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာ ကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိရာ သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများကို ကျောင်းသူ၊ ကျောင်းသားများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။