သတင်းများ

ဇလွန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ခြင်းကို  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍  ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက်  မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။       
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-11 အဆင့် ဆင့်ပွားသင်တန်း စတင်ဖွင့်လှစ်
May 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်က စတင်၍ Grade-11 အဆင့် ဆင့်ပွားသင်တန်းစတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်
May 22,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဖြစ်သည့် ဖုံးသွန်လဲစစ်လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်သင်တန်းဖွင့်လှစ်ပို့ချ
May 22,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် Grade-11 သင်ရိုးသစ် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီမှ အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
စိုက်ပျိုးစရိတ်ထုတ်လုပ်ရေး သမဝါယမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲကျင်းပ
May 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းမှ စိုက်ပျိုးစရိတ်ထုတ်လုပ်ရေး သမဝါရမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ယမ်းဇမ်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် လက်ပံတဲကျေး ရွာဘုန်းတော်ကြီးကျောင်းတို့တွင် စိုက်ပျိုးရေးစရိတ်ကြိုပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်
May 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် ရဲမေများ ၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်လုပ်သားပြည်သူများ စုစုပေါင်းအင်အား ၄၀၀ ကျော်တို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အခြေခံပညာ အထက်တန်းကျောင်း(မိုင်းကိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (မိုင်းကိုင်) တို့တွင် နှစ်နေရာခွဲ၍ စုပေါင်း သန့် ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်။
နမ့်စန်တွင် အခြေခံပညာအထက်တန်းအဆင့် (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် ဧကဒဿမ (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။