သတင်းများ

လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း ဖွင့်လှစ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး / ဆရာမကြီး များအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီးပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက်
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စိတ်ကိုလှပအောင်ပြင် နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များ အနေဖြင့် စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မခင်စောတင့် ရေးသားသော “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား မြို့နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 20,2022
နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောက်တန်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား မြို့နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့မအခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် အသက်(၃)နှစ်မှ (၇)နှစ်အထိ ကလေးငယ်များအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
May 20,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကူစက်ဖြစ်ပွားမှု မြင့်မားလာခြင်းမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) ရုံးဝင်းအတွင်း၌ မြို့နယ်အတွင်းရှိ အသက်(၃)နှစ်မှ (၇)နှစ်အထိ ကလေးငယ်များအား ဆုံဆို့ မေးခိုင် ကာကွယ်ဆေး (DT) အမီလိုက် (catch-up) ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေး
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ တောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌ နွေစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲ အချိန်က အဆိုပါကျေးရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်
May 20,2022
တောင်သာမြို့နယ်၊ မာလာအုပ်စု၊ မာလာကျေးရွာတွင် မေလ (၁၈) ရက်နေ့က  မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထန်းပင်လဲကျ၍ ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့  မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ်တွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို  ယမန်နေ့နံနက်(၈)နာရီက မြစ်သားမြို့အဝင် ဆိုင်းဘုတ်အနီးနှင့် အခွန်လွတ်ဈေးရှေ့ တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
“ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ”
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။