ကော့ကရိတ်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ ဖြေဆို
Mar 30,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အမှတ်(၆)ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ မတ်လ(၂၈)ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ရဟန်း၊ သံဃာ၊ သီလရှင်၊ လူစုစုပေါင်း( ၂၄၂)ပါးဖြေဆိုခဲ့ကြောင်း သိရသည်။