သတင်းများ

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသူများနှင့် စည်ကားနေ
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အားအပ်ချိန်၌ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ ရုပ်ပြစာအုပ်များလာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသောကလေးသူငယ်များ တိုးပွားလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ခွေးပြုတ်ကျေးရွာအနီး ရေနံစိမ်းသိုလှောင်ခြံတွင် မီးလောင်မှုဖြစ်ပွား
Mar 30,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်း၏ တောင်ဘက် (၆)မိုင်ခန့်အကွာ၊ ညောင်ဦးမြိုနယ်မီးသတ်စခန်း၏တောင်ဘက်(၂၂)မိုင်ခန့် တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာအနီး၊ ရွာပြင်ရေနံစိမ်းသိုလှောင်ခြံ ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးစစ်‌ဆေးခြင်းများဆောင်ရွက်
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ‌စေရေးအတွက် ယ‌နေ့နံနက်(၈:၃၀)နာရီအချိန်က  သံသုမာလမ်းမကြီး ဘေလီတံတားမီးပွိုင့်အနီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးစစ်‌ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘားအံမြို့နယ်တွင်  အခြေခံစားသောက်ကုန်များအား ကျေးလက်နေပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ယနေ့ မွန်းလွဲပိုင်းက စံပနုံကျေးရွာ၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ  သင်တန်းဖွင့်လှစ်
Mar 30,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်  စိုက်ပျိုးရေးကဏ္ ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေ းမြစိမ်းရောင်စီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်ရန်စီမံကိန်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ရန် စီမံကိန်းပါ ကျေးရွာများအား ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်း ဖွင့်ပွဲကို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ  ကျင်းပ
Mar 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန် (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံ မူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့မွန်လွဲ(၁)နာရီက အစိုးရဓမ္မာစရိယနှင့် ပါဠိမထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်လျက်ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့ချရေးနှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိစေးရေးအတွက် ကွင်းဆင်းဆောင်ရွက်
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့ချရေးနှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိစေးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး တစ်လျှောက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်သဒ္ဒါ(Grammar) သင်တန်းဆင်းပွဲ ကျင်းပ
Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် အခြေခံအင်္ဂလိပ်စာသဒ္ဒါ(Grammar) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။