ပေါက်တောမြို့နယ်၌ ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းဖွင့်လှစ်
Mar 30,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေ းမြစိမ်းရောင်စီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်ရန်စီမံကိန်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ရန် စီမံကိန်းပါ ကျေးရွာများအား ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်း ဖွင့်ပွဲကို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။