သတင်းများ

သန်လျင်ကျေးလက်ကွန်ကရစ်တံတားဖွင့်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်အားပေးချီးမြှင့်
Mar 31,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အုပ်ဖိုစု-သနပ္ပင်လမ်းပေါ်ရှိ ငပတံတားပေ(၁၆၀)ဖွင့်ပွဲကို ယနေ့နံနက်(၁၀း၃၀)နာရီတွင် အဆိုပါတံတားထိပ်မုခ်ဦး၌ ကျင်းပသည်။
မိုင်းခတ်၌ ဒေသန္တရအမိန့် လိုက်နာရေး ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်
Mar 31,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း ဒေသန္တရအမိန့် လိုက်နာရေး အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ်(၃၂၉၀)ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်
Mar 31,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိအမျိုးသမီးငယ်သင်တန်းသူ (၃၂၉၀)ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါကျောင်းထံက သိရသည်။
လယ်ဝေးမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကျင်းပ
Mar 31,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာ ဂိုဏ်းထောက်ကျောင်းတွင် ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက်အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး တက်ရောက်ကြည်ညိုသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ပန်းချီသင်တန်းဆင်းပွဲကျင်းပ
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲ နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့​သည်။
သီနှံမျိုးစုံ အထွက်တိုးအောင်မြင်စေရေး သဘာပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသည့် စမ်းဝတီ သဘာဝမြေဩဇာအကြောင်း အသိပညာပေးဆွေးနွေး
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၁) နာရီက စမ်းဝတီသဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းမှ ဈေးနှုန်းသက်သာစွာဖြင့် ကျယ်ပြန့်စွာ ထုတ်လုပ်လျက်ရှိသော သီးနှံမျိုးစုံ အထွက်တိုးအောင်မြင်စေရေး သဘာဝပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသည့် စမ်းဝတီ သဘာဝမြေဩဇာအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက စမ်းဝတီ သဘာဝမြေဩဇာသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဓိကတီထွင်ထုတ်လုပ်ထားသည့် မြေဩဇာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ပေါက်တောမြို့၌ နေ့စဉ်အားကစားနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်
Mar 31,2023
ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ၁၄-၂-၂၀၂၃ ရက်စွဲပါ မြဝတီသတင်းစာတွင် ဖော်ပြပါရှိသည့် နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဆွေးနွေးကြကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေး
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။