သတင်းများ

မိုးနဲမြို့နယ် နားခံကျေးရွာတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး
Mar 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများ စည်းကမ်းမဲ့မပြုလုပ်စေရေး အသိပညာပေးခြင်းလုပ်ငန်းအပြင် သစ်တောဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ဒေသန္တရအမိန့်အရ အရေးယူခြင်းခံရမည်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးခြင်းကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက နားခံအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီသင်တန်း ယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံဖွင့်လှစ်
Mar 20,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်(၁) နယ်မြေ(၉)မှ စုစုပေါင်းပြည်သူ ၂၀၀ ဦးအတွက် သောက်သုံးရေ ၁၈၀၀ ဂါလံ သွားရောက်လှူဒါန်း
Mar 20,2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ရပ်ကွက်(၁)ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့ညနေ ၂ နာရီအချိန် ဟိုခိုဘုန်းတော်ကြီးကျောင်းတွင် ပရိယတ္တိသဒ္ဓမ္မပါလ နွေရာသီသင်တန်းတက်ရောက်နေသော သံဃာတော်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေးဆွေးနွေး
Mar 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေးဆွေးနွေးပွဲကို မတ် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ရေထွက်တောထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 20,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သဘာဝရေထွက်တော၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသည့် ပင်းတောက်ကျေးရွာသုံး “နယာ” ရေထွက်တွင် ရေထွက်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို မတ် ၁၈ ရက်တွင်  တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 20,2026
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားများ တက်ရောက်ကြသည်။  
ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကို မတ်လ ၁၉ ရက်နေ့နံနက်က ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပခဲ့သည်။