မက်မန်း ဧပြီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကို ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ် နှစ်ဆန်းတစ်ရက်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ မက်မန်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးရွယ်အို ဘိုးဘွား (၃၇)ဦး တို့ကို ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများမှ လက်သဲခြေသဲညှပ်ပေးခြင်း၊ အလှူငွေနှင့် အာဟာရရှိ စားစရာများ ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်ကျန်းမာရေး ဝန်ထမ်း များမှအပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ သက်ကြီးရွယ်အိုဘိုးဘွားများ သက်ကြီးပူဇော်ပွဲအခမ်းအနားကို မက်မန်းမြို့နယ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်သောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ အမှတ် (၃၃၁)ခြေမြန်တပ်ရင်း ဒုတိယဗိုလ်မှူးကြီးဝဏ္ဏစိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ် စီမံအုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်