ဗိုလ်တထောင် ဇွန် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဖတ်ရှုသူ ပိုမိုတိုးပွား လာစေရေးနှင့် စာပေမှရသော အသိအမြင်ဗဟုသုတများ ရရှိစေရေး၊ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် လဝကရုံးသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သုတ၊ ရသ စာအုပ်များအား (အခမဲ့)ရက်သတ္တပတ် ငှားရမ်းပေးပြီး သတ်မှတ် ရက် ပြည့်မြောက်ပါက စာအုပ်စာစောင်အသစ်များဖြင့် ပြန်လည်လဲလှယ် ငှားရမ်းပေးကြောင်း သိရ သည်။
သိန်းသိန်း