ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၁၆
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သတ်မှတ်မဲရုံ (၁၂၇)ရုံထိရှိပြီး အောက်တိုဘာလ(၁၄)ရက်နေ့က မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိသတ်မှတ်မဲရုံ တည်နေရာများကို အောက်တိုဘာလ(၁၄)ရက်နေ့က တာဝန်ရှိသူများက ဆက်လက်၍ အဖွဲ့များခွဲကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည်းဆိပ်ကျေးရွာအုပ်စု၊ တော်လတဲ့ကျေးရွာအုပ်စု၊ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စုနှင့်ကြာအင်း ကျေးရွာအုပ်စု အတွင်းရှိကျေးရွာများတို့တွင် မဲစာရင်းကပ်ထားကြေညာထားရှိမှုကို ပြည်သူများလာရောက် ကြည့်ရှု့မှုအခြေအနေများနှင့် သတ်မှတ်မဲရုံတည်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)