ဟားခါးမြို့၌ သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး စာစီစာကုံးပြိုင်ပွဲကျင်းပ

ဟားခါး စက်တင်ဘာ ၂၇

ချင်းပြည်နယ်အတွင်း သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

စာစီစာကုံးပြိုင်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်း အစုအဖွဲ့ဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် သမဝါယမစိတ်ဓာတ် ထွန်းကားပြန်ပွားလာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)