ကရသူရိမြို့၌ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

ကရသူရိ သြဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ  ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိရေး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား/သူများနှင့် စာဖတ်ဝါသနာရှင်ကလေးများ အသိပညာ ဗဟုသုတ ပြည့်စုံ၍ ထူးချွန်ထက်မြက်စေရန်နှင့် စာဖတ်သူတိုးတက်ရေးပြုလုပ်ခြင်းဖြစ်ရာ ထိုစာဖတ်ဝိုင်း၌ ကလေးများအကြိုက် “တို့ရွာကလေး၏တစ်‌နေ့တာ၊ ဦးမော့ယာရဲခြံ စသည့်ရုပ်ပြစာအုပ်များဖြင့် ဆောင်ရွက်ရာ အဆိုပါ စာဖတ်ဝိုင်း၌ မူလတန်းကျောင်းသား/ သူ (၁၀)ဦး ဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)