ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီခွဲ က မြို့နယ် အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ပြုလုပ်ကျင်းပသည်။
Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လမ်း/တံတား လုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုအိတ်ဖွင့်တင်ဒါ အမှတ်စဉ်(၁)စိစစ် ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့လမ်းဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပခဲ့ကြောင်းသိရသည်။
Nov 19,2020
ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်(၃၁)နှစ်​မြောက် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်​နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်​​နေ့ည​နေပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦး​စီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိရေး မြို့အဝင် မြို့အထွက် စုပေါင်းစစ်ဆေးရေးဂိတ်များတွင် မြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် တပ်မတော်သားများ၊ မြို့နယ်မြေရဲ စခန်းမှတာဝန်ရှိသူများ၊ မြို့မီးသတ် တပ်ဖွဲ့ဝင်များမှ ကျန်းမာရေး စစ်ဆေးခြင်း လူဝင်လူထွက် စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်း ကောက်ယူခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
Nov 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် တာဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ ဝင်များပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်က လွတ်လပ်ရေးကျောက်တိုင်အနီး ပြည်ထောင်စု လမ်းမ၌ နှာခေါင်းစည်း MASK(၁၅၀၀)အား အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ Save The Children နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီနိုင်ရေးအတွက် လူထုကျန်းမာရေး လုပ်သားအခြေခံ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်က စတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပို့ချသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။