မက်မန်း နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် စံကွက်စပါးခင်း ရိတ်သိမ်းခြင်းနှင့် ခြွေလှေ့ခြင်းကို နိုဝင်ဘာ(၁၉)ရက်နေ့လည် ၂ နာရီ အချိန်က တောင်သူ ဦးဆန်းထက်တည်၏ စံပြစပါးစိုက်ခင်း တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစံကွက် စပါးစိုက်ခင်းရိတ်သိမ်းခြင်းနှင့် ခြွေလှေ့ခြင်းကို မက်မန်းမြို့နယ် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ ဦးစိုးတင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ဇော်မင်း၊ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး တောင်သူ ဦးဆန်းတက်တည်နမ့်နန်းကွင်း၊ ဦးပိုင်(၁၅)စပါး မျိုးssp-၂၀၁ စိုက်ပျိုးဧက(၀.၁၀)ဧက စပါးခင်းအားရိတ်သိမ်းခြွေလှေ့ရာ အထွက်တင်း(၁၂၀)တင်းထွက်ရှိကြောင်း တောင်သူဦးဆန်ထက်တည်ထံမှသိရသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးညီဆန်းဝင်း၏ ပြောကြားချက်အရ မက်မန်းမြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ်စပါးအထွက်နှုန်းတိုးလာပြီး စပါးစိုက်ပျိုးသူ တောင်သူများယခင်နှစ်များနှင့်စာလျှင် များပြားလာကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)