ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 14,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်း) ကျေးရွာများဖြစ်သော သီးကုန်းကျေးရွာနှင့် တောင်ဘို့ကြီးကျေးရွာသို့ ပြင်ပစာရင်းစစ် BOD Cambodia အဖွဲ့မှ Mr.Phan Darasy နှင့် ဒေါ်နန်းနှင်းသက်ထွေးတို့သည် ယမန်နေ့က ဝယ်ယူရေး၊ ဘဏ္ဍာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်တမ်းဖိုင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Mar 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  နံနက် ၁၁ နာရီက ဓနုဖြူ မြို့မဈေးရုံးတွင် ပြုလုပ်ခဲ့သည်။
Mar 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းယားကြီးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀;၃၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေးကြိုတင်ကာကွယ်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁နာရီက ဓနုဖြူမြို့မဈေးရုံးတွင် ပြုလုပ်ခဲ့သည်။
Mar 14,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ရာ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေသည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၁)ခွဲ မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များနှင့် ရေလက်တံမြောင်း(ဝဲ ၊ ယာ)ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
Mar 14,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများ၊ ကျေးရွာရာအိမ်မှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ တံတားမြို့အတွင်း ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင် ရွက်ရန် ဦးစားပေးလျာထားသည့် စီမံကိန်းလုပ်ငန်းခွဲများအား ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။