ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံးရေကန်များ ခမ်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာတွင် မုံရွာမြို့နယ်ဘက်မှ လာရောက် လုပ်ကိုင်နေသော ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 14,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ရာ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက  ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေသည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၁)ခွဲ မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များ နှင့်  ရေလက်တံမြောင်း(ဝဲ ၊ ယာ)ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
Mar 14,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀;၃၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 14,2020
ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကူးစက်ပျံ့နံ့လျက်ရှိသည့် COVID-19  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲနှင့် COVID-19 ဗိုင်းရပ်စ် ကာကွယ် ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့  မွန်းလွဲ ၁၂နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ပြုလုပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်နှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေး ဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်။
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Corona virus Disease-2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ တွင် ကျင်းပခဲ့သည်။
Mar 14,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းကျောင်းတွင် ကိုရိုနာဗိုင်း(စ်)ကူးစက်ရောဂါ(COVID-19) သံသယရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကွင်းဆင်းကြည့်ရှုခဲ့မှု အပေါ် မတ်လ(၁၄)ရက်နေ့တွင် စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေခဲ့မှုနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် အယူအဆလွဲမှားမှု မရှိစေ ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မတ်လ (၁၃)ရက် မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 14,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောက်ဆောက်ကျေးရွာ တွင် ကျင်းပခဲ့သည်။