ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 14,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှု ကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
Mar 14,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 14,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဝေါလေမြိုင်မြို့၊ ဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စိန်လည်ကျေးရွာတွင် တောင်သူအချို့သည် ဆောင်းသီးနှံဖြစ်သည့် ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးသည့် အဆင့်ထိ လုပ်ကိုင်လာကြကြောင်းသိရသည်။
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသား လူမှုရေး ပင်စင်ကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ငါန်းဇွန်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Mar 14,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့ စည်ပင်သာယာစျေးကြီး အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီက ရွှေလှေကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။