ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 21,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဖားဆောင်း မြို့ဝင်/ ထွက် စုပေါင်းဂိတ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
Aug 21,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဒိုးပရယ်ကျေးရွာအုပ်စု လောထောတနောကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ ဝယ်သူတော် ကျေးရွာနှင့် ထီးဒူးခူကျေးရွာတို့တွင် အသိပညာပေးလုပ်ငန်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Aug 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထပ်မံထောက်ပံ့ ပေးအပ်သည့်ငွေများကို ယနေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့သည်။
Aug 21,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချခြင်းကို ရေဇွာမြို့စည်ပင်သာယာရေး အဖွဲ့ရုံးခန်း၌ ယနေ့နံနက် ၁၀နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Aug 21,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အဆင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Aug 21,2020
ချင်းပြည်နယ်အတွင်း ၂၀၁၉−၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် လူရည်ချွန် မောင်မယ်များအနက် ဟားခါးခရိုင်အတွင်းမှ လူရည်ချွန်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပညာရေးမှူးရုံး တောင်ဇလပ်ခန်းမ၌ ကျင်းပသည်။
Aug 21,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံပေးရေးအတွက် ကြိုတင်အသိ​ပေး နှိုးဆော်ခြင်းနှင့် စာရင်းများ ကောက်ယူဆောင်ရွက်ခဲ့ကြရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် အမျိုးသမီးငယ်များ စုစုပေါင်းလဦးရေ (၇၄)ဦး စာရင်းကောက်ခံရရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။