ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ဖရူဆို သြဂုတ် ၂၁

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဒိုးပရယ် ကျေးရွာအုပ်စု လောထောတနောကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ ဝယ်သူတော် ကျေးရွာနှင့် ထီးဒူးခူကျေးရွာတို့တွင် အသိပညာပေးလုပ်ငန်း အသံချဲ့စက် ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အားလုံး အလေးထား လိုက်နာကြရန်နှင့် မိုးရာသီကာလ၌ ပြောင်းလဲဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ် များနှင့် စပ်လျဉ်းသည့် ကြိုတင် ကာကွယ်ရေးနည်းလမ်းများ ဆောင်ရန်ရှောင်ရန်တို့ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့ နှင့် ဝန်ထမ်းများက အသိပညာပေးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

တောရယ်(ပြန်/ဆက်)