ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 01,2020
မိခင်နှင့်ကေလးသူငယ်များ၏ ဘဝပထမရက်(၁၀၀၀)အတွင်း အာဟာရဆိုင်ရာ ရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့သည့် ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစ၍ ဖာရ်ထောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးကြောင်း သိရသည်။
Sep 01,2020
၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ ဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်၌ သြဂုတ် ၃၁ ရက်နေ့မှ စ၍ ကြေညာကပ်ထားသည်။
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လွှတ်တော် မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀)ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ထပ်ဆင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကိုကိုးကျွန်းမြို့နယ် အတွင်းရှိ ဘိုးဘွား(၄၀)ဦးအား ကိုယ်အလေးချိန်စစ်ဆေးပေးခြင်း၊ ဆံသ ခေါင်းညှပ်ပေးခြင်း၊ သွေးပေါင် တိုင်းပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခြေသည်း လက်သည်းများ ညှပ်ပေးခြင်း၊ ဆေးထိုး ဆေးတိုက်များ ဆောင်ရွက်ပေးခြင်းနှင့် အထွေထွေ ရောဂါများကို စမ်းသပ်ကုသပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အော်ဒါမင်းဂျီဆေးများကို ဘိုးဘွားများအား ပေးအပ်ခဲ့ကြောင်း သိရသည်၊၊
Sep 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြေညာကပ်ထားပြီးဖြစ်ကြောင်း သိရသည်။
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကပ်ထားကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။
Sep 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က)များဖြင့် သြဂုတ်လ (၃၀)ရက် နံနက် (၁၁)နာရီအချိန်ကစတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြော်ငြာဘုတ်တွင် ကပ်ထားကြောင်း သိရှိရသည်။
Sep 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးကြီးအတွင်းနှင့် ပျံကျဈေးသည်/ဈေးဝယ်များ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။